x
Whitening

Laser Whitening အကြောင်းသိကောင်းစရာ

သင့်သွားတွေ ဝါနေလို့ အရောင်မွဲနေလို့ စိတ်ညစ်နေပါသလား ?? မိမိကိုယ်ကိုယုံကြည်ချက်ရှိရှိ ပြုံးနိုင်ဖို့ ဖြူဖွေးလှပတဲ့သွားလေးတွေက အရမ်းအရေးကြီးတဲ့ကဏ္ဍမှာပါဝင်နေပါတယ်... ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးမှာ အစားအသောက်မျိုးစုံ နှစ်ပေါင်းများစွာစားသောက်လာတဲ့အတွက် သွားလေးတွေက အရင်ထက်ဝါလာတာ အရောင်မှိန်လာတာ ကြုံနေရတတ်ပါတယ်(အထူးသဖြင့် ကော်ဖီ၊ Shark ၊ Coke ၊ Red Bull ၊ ဝိုင် ၊ ဆေးလိပ်တွေကြောင့်ပိုဖြစ်တတ်ပါတယ်)
ဒါပေမယ့် အဲဒီ့ပြဿနာကို Laser Tooth Whitening Treatment က သင့်ကိုကူညီပေးပါလိမ့်မယ်...

Laser Tooth Whitening ဆိုတာဘာလဲ??
🔸ဆေးခန်းမှာ တစ်နာရီခန့် အချိန်ပေးရုံနဲ့ သင့်လက်ရှိသွားအရောင်ထက်သုံးဆပိုဖြူတဲ့ သွားအရောင်ကိုရရှိနိုင်မှာပါ...
ကုသမှုမခံယူခင်သင့်လက်ရှိသွားအရောင်ကို Shade Guide နဲ့တိုင်းထားမှာပါ..ထို့နောက် Tooth Whitening Agent ကိုသင့်သွားမျက်နှာပြင်တွေမှာ သုတ်လိမ်းပြီး အဆင့်မြင့် Laser နည်းပညာနဲ့ အလင်းပေးပြီး ဖြူစေမှာပါ...ပြီးလျှင်တော့ရလာမယ့် result ကို ယခင်တိုင်းထားတဲ့ Shade Guide နဲ့ယှဉ်ပြပေးမှာပါ ခင်ဗျာ..

ဘယ်လောက်ခံပါသလဲ???
🔸ထိရောက်မှုက တစ်ယောက်နဲ့တစ်ယောက်မတူပေမယ့်
ယေဘူယျအားဖြင့် တစ်နှစ်ခွဲမှ နှစ်နှစ်ခန့် ကြာရှည်ခံပါတယ်...အကယ်၍သင်ဟာ ကော်ဖီ လ္ဘက်ရည် Energy Drinks တွေကိုနှစ်နှစ်ခြိုက်ခြိုက်သောက်သုံးတ်တဲ့သူဆိုရင်တော့ သောက်ပြီးတိုင်းပလုပ်ကျင်းပေးဖို့လိုပါတယ်...မဟုတ်ရင်တော့ ကာလအနည်းငယ်အတွင်း အရောင်ပြန်မှိန်သွားမှာပါ...

ဆိုးကျိုးတွေရှိပါသလား???
🔸အသုံးပြုတဲ့ဆေးအမျိုးအစားနဲ့ လူနာရဲ့သွားကြွေလွှာ အမျိုးအစားပေါ်မူတည်ပြီး သွားကျဉ်တာ သွားဖုံးသားတွေနီရဲလာတာ စပ်တာတွေဖြစ်တတ်ပါတယ်...ဒါပေမယ့် ကျွန်တော်တို့ဆေးခန်းမှာ သုံးထားတဲ့ Tooth Whitening Agent ကတော့ Korea နိုင်ငံထုတ် High Quality Product ဖြစ်တဲ့အတွက် သင့်သွားနဲ့သွားဖုံးများအတွက် သွားလည်းမကျဉ် မည်သည့်ဘေးဥပါဒ် အန္တရာယ်မှ မရှိစေကြောင်း အာမခံပါတယ် ခင်ဗျာ...

Laser Tooth Whitening ကိုလူတိုင်းလုပ်လို့ရပါသလား??🔸ဒီ Treatment က သွားအပေါ်ယံမျက်နှာပြင်မှာ စွန်းထင်းနေတဲ့ အရောင်တွေကိုသာ ဖယ်ရှားဖြူစင်စေနိုင်ပြီး သွားအတွင်းပိုင်းမှ နဂိုကထဲကရှိနေတဲ့ Intrinsic factors တွေ သွားအက်ကြောင်းတွေကိုတော့ မဖယ်ရှားနိုင်ပါဘူးခင်ဗျာ...ဒါ့အပြင် သွားကြွေလွှာအားနည်းတဲ့သူတွေမှာတွေ့ရတတ်တဲ့ သွားပေါ်မှာ အရောင်ကွက်တွေ ဖြစ်နေတာတွေကိုလည်း မဖယ်ရှားနိုင်ဘဲ သွားကြွေလွှာဓာတ်အားနည်းတဲ့အတွက် မည်မျှကောင်းတဲ့ product အသုံးပြုသည်ဖြစ်စေ သွားကိုအနည်းငယ် ကျဉ်စေနိုင်ပါတယ်ခင်ဗျာ... 
🔸ဒါပေမယ့် စိတ်မညစ်ပါနဲ့ခင်ဗျာ...ထိုကဲ့သို့သောသူများအတွက် Laser Teeth Whitening Treatment အစား သွားကြွေလွှာကပ်ခြင်း ( Veneers ) ကိုရွေးချယ်ကုသပြီး လှပညီညာဖြူဖွေးတဲ့ သွားလေးတွေကိုရယူနိုင်ပါတယ်ခင်ဗျာ....

သွားဖြူအောင် ကုသခြင်းအတွက် အမေးအများဆုံး မေးခွန်း များ

📩 ဘယ်အရာတွေ က သွားကို ဝါစေတာ လဲ?
💬 သွားဝါစေတဲ့ အကြောင်းတရားတွေက
အသက်ကြီးလာတာ၊ အ ရောင်ပါတဲ့ အစားအစာ တွေစားတာ ၊ Flouride ဓာတ်များတာ ၊ Tetracycline Stain တွေကြောင့် သွားဝါစေပါတယ်။

📩 Tooth Withening က ဘယ်လို လုပ်ဆောင်တာလဲ?
💬 သွားဖြူအောင် ကုသ တဲ့ ဆေးမှာ အဓိက ပါဝင်တာ က Hydrogen Peroxide သို့ Carbamide peroxide ပါ။ သွား ရဲ့ ကြွေလွှာ အတွင်း ကို စိမ့်ဝင် ပြီး အရောင် တွေကို အန္တရာယ် အကင်းဆုံး ဖယ်ရှားပေးပါတယ်။

📩 ဘယ်လို လူတွေ ကုသမှု မခံယူ သင့်ဘူးလဲ?
💬 အောက်ဖော်ပြပါ လူနာများ ကုသမှုမလုပ်သင့်ပါ 🚫
⚠️ နို့တိုက်မိခင်
⚠️Fluoride ဓာတ် လွန်ကဲ ပြီးသွား ကြွေလွှာ ပျက်စီးနေသော အခြေအနေ
⚠️ရေစီး ကမ်းပြို ရောဂါ ခံစား နေရသူတွေ
⚠️သွားညှိကုသမှု ခံယူနေသူတွေ
⚠️၁ လအတွင်း ခံတွင်းခွဲစိတ် ကုသမှု ခံယူထားသူတွေ
⚠️သွားပိုးစား နေသူတွေ
⚠️Peroxide allergy ရှိသူတွေ
⚠️၁၃ နှစ်အောက် ကလေး ငယ်များ

📩 ဘယ်လို သူတွေ သွားဖြူ အောင် ကုသ မှုခံယူသင့်သလဲ?
💬 ဆွဲဆောင်မှုရှိပြီးတောက်ပတဲ့ အပြုံးလေးတွေပိုင်ဆိုင်လိုသူတိုင်း သွားဖြူအောင် ကုသမှု ခံယူသင့်ပါတယ်။

📩 သွားစွပ်ထားတယ် ၊ Veneer ပြုလုပ်ထားတယ် ၊
သွားဖာ ထားတယ် ဆိုရင် သွားဖြူအောင် ပြုလုပ် ခြင်း က ထိရောက် မှုရှိပါသလား?
💬 အထက်ပါ အခြေအနေ များ တွင် သက်ရောက် မှု မရှိနိုင်ပါ။ မူလ သွား Natural ကို သာ ဖြူအောင် ပြုလုပ်နိုင်ပါတယ်။

📩 Side Effect ရှိလား?
💬 သွားဖြူအောင် ကုသ ခြင်း ရဲ့ အဖြစ်များဆုံး က တော့ သွားကျင်ခြင်း နှင့် သွားဖုံး ရောင် ခြင်း ဖြစ်ပါတယ်။ ကုသမှု ခံယူ နေစဉ် နှင့် ကုသပြီး ၂၄ နာရီ အတွင်း ခံစားရတတ်ပါတယ်။

📩 Tooth withening က Safe ဖြစ်လား?
💬 နှစ်ပေါင်း များစွာ လေ့လာ ချက် များအရ အသုံးပြုနည်း မှန်ကန် လျှင် Safe ဖြစ်ပါတယ် ခင်ဗျာ။

📩 ဘယ်လောက် ကြာကြာခံလဲ?
💬 တစ်ယောက် နှင့် တစ်ယောက် စားသုံးမှု ပုံစံပေါ် မူတည် ၍ ကွဲပြားနိုင်ပါတယ်။ ပုံမှန် အားဖြင့် ၆ လ မှ ၂ နှစ် ခန့်ခံပါတယ်။ လိုအပ်ပါ က ဆရာဝန် က ၆ လ တစ်ခါ Booster ကုသ မှု ခံယူနိုင်ပါတယ်။

📩 ကုသမှုကြာချိန်?
💬 ပုံမှန်အားဖြင့် ၁ နာရီ အတွင်း ပြီးပါတယ် ။

📩 တခြား ဘယ်ကုသ မှု နဲ့တွဲပြီး ကုသ မှု ခံယူသင့်သလဲ။
💬 Scaling + Polishing ပါ ။ သန့်ရှင်းနေသော သွားမျက် နှာပြင် မှာ Whitening ပြု လုပ် ခြင်း က ပိုမို ကောင်းမွန်သော Result ကို ရရှိ စေပါတယ်။

ဒီလောက် ဆို Whitening နဲ့ပတ်သတ် တာ လေး တွေ သိ လောက် ပြီ ထင်ပါတယ်။

နောက် အပတ် သောကြာ နေ့ ည ၉ နာရီ မှာ လည်း
သွားနှင့်ပတ်သတ်သော အမေးအဖြေကဏ္ဍ ကို တင်ပေးသွား မှာ ဖြစ်တဲ့အတွက် Page ကို Like & See First ပြုလုပ်ထား စေလိုပါတယ်။

Clinic Address

Our clinic is located 369 complex center,beside Ibis Styles Stadium, Corner of Laydaungkan and Waizayanta Road , Thingan Gyun Township and only five-minutes walk from Thuwana Stadium.

369 Laydaungkan Road 11071 Inside the Car Park of ibis Styles Yangon Stadium Hotel Yangon 11071
+959 400 949 491