အသက် ဘယ်နှနှစ်မှာ သွားညှိဆရာဝန် ( Orthodontist )နှင့် ပြသရမလဲ....
☝အသက် ၈ နှစ် ခွဲ မှာ စတင် ပြသ နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စောစော ပြသခြင်း အနေဖြင့်-
(၁) ကလေး ရဲ့ မေးရိုး ဖွံ့ဖြိုး ကြီးထွားမှု ကို စောလျှင်စွာ ထိန်းချုပ်နိင်ခြင်း နဲ့
(၂) ကလေးကြီးသွားပေါက်တဲ့ အရွယ် ဖြစ်တာ ကြောင့် လိုအပ်သော ကုသ မှု တွေ ကို X rays အကူအညီ နဲ့ ဆောင်ရွက်နိုင် ပါတယ်။
နောက်ဆက်တွဲ ပြသာနာ ကို ကြိုတင် ကာကွယ် နိုင်ခြင်း တို့အတွက်ပါ။ သွားထပ်၊ သွားကြဲ မှ ပြသခြင်းထက် အသက် ၈ နှစ် ခွဲ နှင့် ၁၃ နှစ် ကြားမှာ မိမိကလေးရဲ့ အခြေအနေ ကို မိမိပြနေကျ သွားဆရာဝန် ရဲ့ အကြံဉာဏ်ကို ရယူသင့်ပါတယ်။ တချို့ ကုသမှုတွေက အသက်ကြီး မှ ပြုပြင်၍ မရသော အခြေအနေ တွေရှိပါတယ်။ တချို့ ပြသနာတွေက သွားညှိအထူးကုဆရာဝန် ကပဲ ဖြေရှင်းပေးနိုင်ပါတယ်။
အဖြစ်များတာတွေက
(၁) သွားကြဲခြင်း။
(၂) သွားအရေအတွက် နည်းခြင်း။
(၃) သွားထပ်ခြင်း။
(၄) မွေးရာပါ ကြီးသွားမပါလာခြင်း။
(၅) အသက် ၆ နှစ် မှာ ပေါက်သော ကြီးသွား ပိုးစားခြင်း။
(၆) သွားလဲရမည့် အချိန်တွင် မကျိုး ပဲ ကျန်နေခြင်း။
(၇) မေးရိုးသေးခြင်း စသည်တို့ အဖြစ်များပါတယ်။
ကလေးကြီးထွားဆဲအရွယ်မှာ ပြသခြင်းဖြင့် သွားနှင့်ခံတွင်းရောဂါ ကင်းဝေးပြီး အပြုံးလှလှ ပိုင်ဆိုင်နိုင်ကြပါစေ.
???? Always discuss costs
???? Always discuss alternative options
???? Always offer an honest prognosis
???? Always have a back up plan
???? Always work to the best of your ability
???? Always make it look good!